မန ္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်

တက္ကသိုလ်တည်ဆောက်ခြင်း အခြေခံသမိုင်းအကျဉ်းချုပ်နှင့်

လည်ပတ်လုပ်ဆောင်နေဆဲအခြေအနေ

====================

၁။ မန ္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု ရန်ကင်းတောင်ခြေတွင်ရှိသော ရန်ကင်းတောင်တော်ပိုင် မြေကွက်လပ်ကို ဥယျာဉ်စာသင်တိုက် ပဓာနနာယကဆရာတော် ဦးဇောတိက (Ph.D ဓမ္မာစရိယ) အရှင်မြတ်အား တောင်တော်သြဝါဒစရိယနှင့် ဂေါပကအဖွဲ့တို့က (၂.၉.၂၀၁၁) အစည်းအဝေးနေ့တွင် တက္ကသိုလ်ကျောင်းတော်တည်ဆောက်ရန် အသုံးပြုခွင့်ပေးခဲ့ပါသည်။

၂။ ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့က သံဃနာယကညွှန်ကြားလွှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ (၁၄.၃.၂၀၁၃) နေ့တွင် အဆိုပါမြေပေါ်၌ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်ကြီးကို တည်ဆောက်ခွင့်ပြုခဲ့ပါသည်။

၃။ မန ္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေတွင် ဥယျာဉ်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဦးဇောတိက အရှင်မြတ်ဦးစီး၍ (၂၀၁၄)ခုနှစ်တွင် စတင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် တည်ဆောက်ခဲ့ပါသည်။ ထိုသို့ တည်ဆောက်ရာ၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် ခွင့်ပြုချက်များကို ရယူလျက် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။

၄။ (၆.၉.၂၀၁၄) နေ့တွင် တက္ကသိုလ်၏ ပထမဆုံးအဆောက်အဦး ပါမောက္ခချုပ်ကျောင်းဆောင်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန ္တကုမာရာဘိဝံသ၊ မန ္တလေးတိုင်းသံဃနာယကအဖွဲ့ဥက္ကဌ မစိုးရိမ်၊ ပါဠိဆရာတော်ဘုရားကြီး ဘဒ္ဒန ္တဝိစိတ္တာဘိဝံသနှင့် ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန ္တဇဋိလတို့ ကိုယ်တိုင်ကြွရောက် ပန္နက်တင်မင်္ဂလာကို ချီးမြှောက်ခဲ့ကြပါသည်။

၅။ (၁၅.၇.၂၀၁၆)နေ့တွင် တက္ကသိုလ်ကြီးပင်မဆောင် (၁၀၀ x ၁၆၀) ကို တက္ကသိုလ်ကြီးများ၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးများနှင့် မန ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဦးဇော်မြင့်မောင်တို့ ဦးစီး၍ ကိုယ်တိုင်ကြွရောက် ပန္နက်တင်မင်္ဂလာကို ချီးမြှောက်ခဲ့ပါသည်။

၆။ ယခုအခါ –

(က) သိမ်ကျောင်းဆောင်

(ခ) ဆွမ်းစားကျောင်းဆောင်

(ဂ) မဟာနာယကကျောင်းဆောင်

(ဃ) ပါမောက္ခချုပ်ဆောင်

(င) ဒု-ပါမောက္ခဆောင်(၁)

(စ) မော်ကွန်းထိန်းဆောင်

(ဆ) လက်ထောက်မော်ကွန်းထိန်းဆောင်

(ဇ) ပါမောက္ခနားနေဆောင်(၃)ထပ်

(ဈ) ကထိကနားနေဆောင်(၃)ထပ်

(ည) ဧည့်ပါမောက္ခကျောင်းဆောင်(၄)ထပါ

(ဋ္ဋ) ကျောင်းသားဆောင်(၅)ထပ်တို့ ပြီးစီးပြီဖြစ်၍ အသုံးပြုလျက်ရှိပါသည်။

 

(က) သာမဏေကျော်ဓမ္မာစရိယအဆောင်၊ (ခ) ဒု-ပါမောက္ခချုပ်ဆောင်(၂)၊ (ဂ) ပင်မစာသင်ဆောင်တို့သည် ဆောက်လုပ်နေဆဲဖြစ်ပါသည်။ (၂၀၁၉)ခု ဒီဇင်ဘာလအမီ အကုန်ပြီးစီးမည် ဖြစ်ပါသည်။

၇။ ပညာရေးလည်ပတ်နေမှု အခြေအနေမှာ Global Peace Diploma တန်းကို Compus(1) ရန်ကင်းတောင်နှင့် Compus(2) စစ်ကိုင်းတို့၌ ဖွင့်လှစ်သင်ကြားနေပါသည်။

တက္ကသိုလ်ကြီးတွင် M.A, M.Phil, Ph.D တန်းများအတွက် Preliminary Course နှင့် M.A, M.Phil Course အတန်းများကို သင်ကြားပေးလျက်ရှိပါသည်။

၈။ ဆရာ/ဆရာမများမှာ Diploma (၂) နေရာအတွက် ဆရာ (၁၉) ယောက်၊ Preliminary အတွက် ဆရာ(၂၀)ယောက်၊ M.A နှင့် Ph.D အတွက် (၇)ယောက်၊ စုစုပေါင်း ဆရာ/ဆရာမပေါင်း (၄၆) ယောက်၊ ဘာသာရပ်တွဲ ဆရာတူပေါင်းလျှင် (၃၂) ယောက် ဖြစ်ပါသည်။

၉။ စာသင်ယူနေသည့် ကျောင်းသားများမှာ –

 

  1. Peace Diploma ဘွဲ့ရပြီး – ၆၁
  2. Peace Diploma တန်းကျောင်းသား – ၁၀၅
  3. Preliminary တန်း – ၆၆
  4. A တန်း – ၁၃
  5. Phil တန်း – ၄
  6. D တန်း – ၁၀
  7. သာမဏေကျော်ဓမ္မာစရိယတန်း – ၈

စုစုပေါင်း ကျောင်းသား (၂၆၇) ယောက်တို့ ငြိမ်းချမ်းရေးတက္ကသိုလ်၌ ပညာရပ်များကို လေ့လာဆည်းပူးလျက် ရှိပါသည်။

ထိုသည်မှာ ယခုပစ္စုပ္ပန်ဆောင်ရွက်နေဆဲ အခြေအနေကို တင်ပြခြင်းဖြစ်ပါသည်။

 

 

ဆရာတော် ဦးဇောတိက

ပဓာနနာယကဆရာတော်

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်

ပုသိမ်ကြီး၊ မန ္တလေး

 

University of Global Peace

Yankin Hill, Patheingyi Town, Mandalay

2019 Academic Year

The List of Teachers

No Name Subjects Time Date Degree Sections
၁။ ဒေါက်တာ ဘဒ္ဒန ္တပညိန္ဒ Sila (Morality) M.A. M.Phil
၂။ ဒေါက်တာ ဘဒ္ဒန ္တစန္ဒာဝရ Samadhi(concentration) M.A. M.Phil
၃။ ဒေါက်တာ ဘဒ္ဒန ္တဇောတိက Panna (Wisdom) M.A. M.Phil
၄။ ဒေါက်တာ ဦးစန်းမြင့် Religions and Peace M.A. M.Phil
၅။ ဒေါက်တာ ဘဒ္ဒန ္တဥတ္တမာနန္ဒ Source Study M.A. M.Phil
၆။ ဒေါက်တာ ဇော်ထွန်း English M.A. M.Phil
၇။ ဒေါက်တာ မိမိကြီး International Relations(IR) M.A. M.Phil
၈။ ဦးသိန်းထိုက်ဦး Reading 9:00 to 11:00 Sunday Pre-Ph.D, M.A 1
၉။ ဒေါက်တာ မောင်မောင်ဦး Academic Writing 1:00 to 4:00 Sunday Pre-Ph.D, M.A 1
၁၀။ ဒေါက်တာ ဒေါ်ခင်ဝင်းကြည် Buddhism for Layman 9:00 to 10:00 Wednesday Pre-Ph.D, M.A 1
၁၁။ ဒေါက်တာ ဇော်ထွန်း Listening and Speaking 12:00 to 1:00 Wednesday Pre-Ph.D, M.A 1
၁၂။ ဒေါက်တာ မောင်မောင်ဦး Academic Writing 1:00 to 3:30 Wednesday Pre-Ph.D, M.A 1
၁၃။ ဒေါက်တာ ဇော်ထွန်း Listening and Speaking 12:00 to 1:00 Thursday Pre-Ph.D, M.A 1
၁၄။ ဒေါက်တာ ဒေါ်ခင်မမတင် General English 1:30 to 4:30 Thursday Pre-Ph.D, M.A 1
၁၅။ ဒေါက်တာ ဘဒ္ဒန ္တဥတ္တမာနန္ဒ Research Methodology 9:00 to 11:00 Friday Pre-Ph.D, M.A 1
၁၆။ ဒေါက်တာ ဒေါ်ခင်မမတင် General English 1:00 to 2:30 Friday Pre-Ph.D, M.A 1
၁၇။ ဒေါက်တာ ဒေါ်သန္တာစိုး General English 7:30 to 9:30 Saturday Pre-Ph.D, M.A 1
၁၈။ ဒေါက်တာ ဒေါ်သန္တာစိုး General English 9:30 to 11:00 Saturday Pre-Ph.D, M.A 1
၁၉။ ဦးသိန်းထိုက်ဦး Reading 1:00 to 3:00 Saturday Pre-Ph.D, M.A 1
First Three Months
၂၀။ ဦးပညာဓဇ Basic English 8:00 to 9:00 Pre-M.A 2
၂၁။ ဦးဇနိန္ဒ Basic English 9:00 to 10:00 Pre-M.A 2
၂၂။ ဒေါ်ဥတ္တမဉာဏီ Basic English 1:00 to 2:00 Pre-M.A 2
၂၃။ ဒေါက်တာ ဒေါ်ခင်သီတာဟန် Basic English 2:00 to 3:00 Pre-M.A 2
Second Three Months
၂၄။ ဦးဇနိန္ဒ Basic English 8:00 to 9:00 Pre-M.A 2
၂၅။ ဦးမဏိဇောတ Basic English 9:00 to 10:00 Pre-M.A 2
၂၆။ ဦးဣန္ဒသီရိ Basic English 1:00 to 2:00 Pre-M.A 2
၂၇။ ဦးကောသလ္လာဘိဝံသ Basic English 2:00 to 3:00 Pre-M.A 2

 

University of Global College (Compus-1)

Yankin Hill, Patheingyi Town, Mandalay

2019 Academic Year

The List of Teachers

No. Name Subjects Time Date Degree Sections
၂၈။ ဦးဉာဏိနန္ဒာဘိဝံသ English 7:30 to 9:00 Saturday Level – 3
၂၉။ ဦးဇနိန္ဒ Buddhism for Laymen 7:30 to 9:00 Sunday Level – 3
၃၀။ ဦးကောသလ္လာဘိဝံသ Abhidhamma 9:00 to 10:30 Sat/Sunday Level – 3
၃၁။ ဦးဇနိန္ဒ What the Buddha Taught 7:30 to 9:15 Saturday Level – 2
၃၂။ ဦးမောင်မောင်ထွေး English 7:30 to 9:00 Sunday Level – 2
၃၃။ ဦးမဏိဇောတ Abhidhamma 9:15 to 10:30 Sat/Sunday Level – 2
၃၄။ ဦးဣန္ဒသီရိ Abhidhamma 7:30 to 9:00 Saturday Level – 1
၃၅။ ဒေါ်တာတာနုငွေ English 7:30 to 9:15 Sunday Level – 1
၃၆။ ဒေါ်ဥတ္တမဉာဏီ What the Buddha Taught 9:15 to 10:30 Sat/Sunday Level – 1
၃၇။ ဒေါက်တာ ဒေါ်စိုးစိုးဝင်း English (Grammar) 7:30 to 9:00 Sunday Primary Course
၃၈။ ဦးစန္ဒနသာရာလင်္ကာရ Abhidhamma 9:15 to 10:30 Sat/Sunday Primary Course